ဘီးလင်း ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ( Kaung Hlyan New Asia Co.ltd)မှ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့ နေ့လယ်ပိုင်းကကန်သာယာရပ်ကွက် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးဘေးစျေးဆိုင်ခန်း၌ ရောင်းချပေးခဲ့သည်။
ဆီရောင်းချပေးရာတွင် တစ်ပိဿာ(၆၀၆၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်ဆီတစ်ပိဿာနှုန်းရောင်းချပေးရာ စားသုံးသူပြည်သူများက လာရောက်ဝယ်ယူခဲ့ကြပြီး စားအုန်းဆီများ အလေးချိန်မှန်စွာရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနေ့တွင် စားသုံးသူပြည်သူတို့အား ဆီပိဿာချိန်(၉၉၀)ရောင်းချပေးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာယခုကဲ့သို့ စီစဉ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)