မိုင်းရှူးမြို့၌ (၇၇) နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို  ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များနှင့် ကျန်းမာရေး အသိပညာပေး အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)