ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးရာသီ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကျားများ၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အ.ထ.က(ပေါက်ခေါင်း)ကျောင်းတွင် ယမန်နေ့က ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှု‌ရေးအဖွဲ့များက ကျောင်းသား၊ ကျောင်းသူလေးများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဆိုပါကျောင်းဝန်းအတွင်း၌ ခြင်ဆေးဖျန်းခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်ရေအိုးများ စသည့်နေရာများတွင် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)