မြောင်းမြမြို့နယ်၌ ဌာနဆိုင်ရာများအား ကိုဗစ် ၁၉ ရောဂါ (Pfizer)ကာကွယ်ဆေး ထိုး‌နှံပေး

မြောင်းမြ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင်   ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး   ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး (Pfizer)  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ယနေ့တွင် ဝန်ထမ်း (၆၂၀) ဦး အား ထိုးပေးနိုင်ခဲ့ပြီး၊   ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သော  ဝန်ထမ်းများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)