တောင်ဥက္ကလာပ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်-၃ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၁၃ နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ကိုဦး၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၀ ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ ဦး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)