ကျွန်းစုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ၃ ရပ်ကွက် ရှိ စာပန်းခင်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရေး  စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ်ပြန်/ဆက်မှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်စာ‌ပေများနှင့် နံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)