စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေဝင်ရောက်သည့်ကျေးရွာများမှ နွားတိရစ္ဆာန်ကောင်ရေ(၂၀၁၇)ကျော်အား ဘေးလွတ်ရာသို့ ဇက်သင်္ဘောဖြင့် ပြောင်းရွှေ့

စလင်း ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၏ နွားတိရစ္ဆာန်များကို ချောက်မြို့နယ်မှဇက်သင်္ဘောများဖြင့် ဘေးလွတ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်သယ်ယူပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ​ ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသည့်ကျေးရွာများဖြစ်သည့် ဆင်မကျွန်းကျေးရွာအုပ်စုမှ တိရစ္ဆာန်နွားများကို ဇူလိုင်လ(၁၃)ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေဝင်ရောက်၍ ချောက်ရေနံမြေ ဇက်သင်္ဘောဖြင့်ရေလွတ်ရာ ချောက်မြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ကြပ်ဆုဘုရားဆိပ်ကမ်းသို့ နွား(၈၃)ကောင် ဆင်မကျွန်းကျေးရွာအုပ်စုမှ ကျန်ရှိနေသေးသည့် နွား(၁၈၂၇)ကောင်ခန့်အား ဒေသအစီအစဥ်ဖြင့် ကျေးရွာအုပ်စုအတွင်းရှိ နွား (၇)ကောင်သယ်ဆောင်နိုင်သည့် စက်လှေ(၃)စီး၊ နွား(၂၀)ကောင်သယ်ဆောင်နိုင်သည့် စက်လှေ(၂)စီးတို့ဖြင့် နွား(၆၃၅)ကောင်၊ ဇူလိုင်(၁၄)ရက်နေ့တွင် နွား(၇၈၂)ကောင်တို့အား ချောက်မြို့နယ် ပခန်းငယ်ကျေးရွာအုပ်စု ပခန်းငယ်ကျေးရွာသို့လည်းကောင်း၊ ချောက်ရေနံမြေဇက်သင်္ဘောဖြင့်  ဆင်မကျွန်းကျေး ရွာအုပ်စုအတွင်းရှိ ဆင်မကျွန်း၊ ဦးယျာဥ်စု၊ ရေလယ်ရွာမ၊ ရေလယ်ရွာသစ်ကျေးရွာများမှ နွားအကောင်ရေ(၃၅)ကောင်နှင့်ကျန်ရှိနေသေးသည့် နွား(၃၇၅)ကောင်ခန့်နှင့် ဆင်ဖြူကျွန်း ကြက်ဟင်းခါးကျွန်းကျေးရွာရှိ ဦးအောင်နိုင်ဦး၏ နွားခြံမှ နွား(၁၀၀)ကောင်နှင့် ထွန်စက်(၁)စီး၊ ရိတ်သိမ်းခြွေလှေ့စက်(၁)စီး၊ ထော်လာဂျီ(၁)စီးတို့အား ရေလွတ်ရာစလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စု ရွာသစ်ကလေးကျေးရွာသို့ ပို့ဆောင်ခဲ့ပြီးကျန်ရှိနေသေးသည့် ရေဘေးသင့်ကျေးရွာများမှ နွား(၅၀၀)ကောင်အား ဇူလိုင်(၁၅)ရက်နေ့တွင် ဒေသအစီအစဥ်ဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

(မောင်လွင်)စလင်း