ပန်းတောင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ ထုံးဘိုအုပ်စု ခတ္ထိယရပ်ကွက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဧရာဝတီမြစ်ရေ(၄)ပေခန့် မြင့်တက်လာမှုကြောင့် လူနေအိမ်(၆)လုံးသို့ ရေများဝင်လာပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် လူများနှင့် နေအိမ်ရှိ အရေးကြီးပစ္စည်းများအား ထုံးဘိုမြို့ မြသိန်းတန်ဘုရားဝန်းအတွင်းရှိ ဘုရားတန်ဆောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု(၆)စုတွင် ကျား(၈)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၁၉)ဦးတို့၏ နေအိမ်ရှိ ပစ္စည်းများနှင့်လူများ ပြောင်းရွှေ့ပေးခဲ့ရာ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူစိုး ဦးစီးသည့်အဖွဲ့၊ ထုံးဘိုနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်ကျော်ဦးနှင့် တပ်ဖွဲဝင်များ၊ ထုံးဘိုနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီးဝေယံ ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဌာနမှ ကြီးကြပ်ရေးမှူး(၁) ဒေါ်ကြူကြူသန်းနှင့်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောကျော်လှိုင် ဦးစီးသည့်အဖွဲ့မှ ကိုယ်ပိုင်ယာဥ်ဖြင့် ဝိုင်းဝန်းပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)