စမ်းချောင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

စမ်းချောင်း  ဇူလိုင်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားသည့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မုန့်လုပ်‌ဆောင်းကုန်း(တောင်)ရပ်ကွက်အတွင်း ပြင်းထန်ဝမ်းပျက်၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ထုံးဖြူးခြင်း၊ အသိပညာ‌ပေးဗီနိုင်းတပ်ဆင်ခြင်း၊ လက်ကမ်းစာ‌စောင်များ‌ ဖြန့်‌ဝေခြင်း၊ လက်သန့်‌ဆေးရည်နှင့် ဆပ်ပြာရည်များပေးဝေခြင်း၊ သောက်သုံးရေနှင့်ယင်လုံ အိမ်သာများစစ်ဆေးခြင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်မြို့နယ် ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖြူသွယ်ထွန်း (ပြန်/ဆက်)