မင်းဘူး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး စိုးရိမ်ရေအမှတ် (၁၇၀၀) စင်တီမီတာအထက်သို့ ကျော်လွန်နေပြီဖြစ်ရာ မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုဝင်များအား ကုန်းမြင့်ပိုင်းရှိ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးနေကြောင်း မင်းဘူးမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ထိုသို့ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရာတွင် မင်းဘူး(စကု) မြို့နယ်တွင် (၃၉၆)စု၊ လူဦးရေ (၁၆၃၁) ဦးနှင့် နွားကောင်ရေ (၁၆၇) ကောင်၊ ဆိတ် (၂၆၇) ကောင်၊ ဝက် (၃) ကောင်၊ လူ၊ ပစ္စည်းနှင့် တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်ပိုင်းရှိ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်း မင်းဘူးမြို့ သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားခဲ့သည်။
ဇေယျာထက်(မင်းဘူး)