သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jul 14,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် အမြင့်ဆုံးစံချိန်တင်‌‌ရှိခဲ့သည့် ရေမှတ်သို့ရောက်ရှိရန်  ၂ စင်တီမီတာသာလို
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၈၂ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၏ ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးစံချိန်တင်‌ရောက်ရှိခဲ့သည့် ၂၂၈၄ စင်တီမီတာသို့ရောက်ရှိရန် ၂ စင်တီမီတာသာလိုတော့ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် ‌အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိစေရန်အတွက် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပင်းဝကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ ပင်းစက္ကလံပဘုရားဝန်းတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ  အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူအိမ်ထောင်စုများအား ဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်တွင် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ကြကြောင်း သိရသည်။ 
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော မြိတ်မြို့နယ်ပညာရေး ငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ၊ ဆရာမများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
Jul 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော မြိတ်မြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းတွင်  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 
မြိတ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ (၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆင်ဖြူကျွန်းမြို့မြောက်ရှားတောကျေးရွာနှင့် မြေနိမ့်ပိုင်းနေရာများဧရာဝတီမြစ်ရေဝင်ရောက်မှုမရှိစေရန် ကြိုတင်တာဘောင်စုပေါင်းဆောင်ရွက်
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မြောက်ရှားတောကျေးရွာအုပ်စုနှင့် မြေနိမ့်ပိုင်းနေရာများအား ဧရာဝတီမြစ်ရေဝင်ရောက်မှုမရှိစေရန်ကြိုတင်၍ စလင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းဗိုလ်နှင့်တပ်ဖွဲ့ဝင်များ ဆင်ဖြူကျွန်းမြို့နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများစုပေါင်းတာဘောင်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြကြောင်း  သိရသည်။
ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
Jul 14,2024
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲခန့်က ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။