သတင်းများ

ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား/ကျောင်းသူများအတွက် စာကြည့်တိုက်လေ့လာရေး အစီအစဥ် စတင် ဆောင်ရွက်ပေး
Jul 13,2024
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထရှိစေရန် ငယ်စဥ်ကပင် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်တွင် ပျော်မွေ့၍ စာဖတ်ခြင်း အလေ့အထ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖိတ်ခေါ်၍ စာကြည့်တိုက်လေ့လာရေးအစီအစဥ်ကို ဇူလိုင်လ (၁၂) ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ (၅/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်
Jul 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၅/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊  နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jul 13,2024
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ မိသားစုများ၏ စုဒ္ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ ၁ ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့ မြစ်ရေကာတာများ အခြေအနေ၊ မြစ်ကမ်းပြိုမှု အခြေအနေများ ကြည့်ရူစစ်ဆေး
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်အင်အားနှင့် ကယ်ဆယ်ရေး အသုံးဆောင်ပစ္စည်းများ စုဆောင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း၌ အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ စိုက်ပျိုး
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် အရိပ်ရမန်ကျည်းပင်ပေါင်း ၄၀၀၀ ကို မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဧရိယာအတွင်း၌ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ
Jul 13,2024
မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ တက်ရောက်သည်။
မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာ ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
Jul 13,2024
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာ၊ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ရေဘေးသင့်အိမ်ထောင်စုများ တက်ရောက်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ် အ.ထ.က နင်းကြမ်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ပြုလုပ်
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က နင်းကြမ်းကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာ တိုးပွားစေရေး၊ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။