သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့်လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ “လူငယ်စကားဝိုင်း” ကျင်းပ
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဖောင်ရိုးဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
​သာကေတမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ ကျင်းပ
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာ​ကေတမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ သာ​ကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်းကာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၉ရက်‌နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရဲရိပ်သာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၁၁)ကျောင်း၊ ဗိုလ်တထောင်ဘုရားစျေး၊ ဘုရားဝန်ထမ်းအိမ်ယာ  များအတွင်းရှိပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
ယင်းမာပင်မြို့တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်၂ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ စျေးများနှင့် စက်ရုံ၊အလုပ်ရုံများတို့တွင် ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jul 13,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထား
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ မြစ်ရေဝင်ရောက်သည့် ပြည်သူအိမ်ထောင်စုများအတွက် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။