ပန်း​တောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတောင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်သစ်တောဦးစီးဌာနနှင့် Royal Express Services Limited တို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇:၃၀)အချိန်က လက်ရဲတပ်ကြိုးဝိုင်း၌စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ Royal Express Services Limited ၏ စီနီယာမန်နေဂျာဦးမင်းနိုင်က သစ်ပင်စိုက်ပျိုးရခြင်းနှင့် ရေရှည်တည်တံ့ရန် ထိန်းသိမ်းသွားမည့်အစီအစဥ်များအားရှင်းလင်းတင်ပြခြင်း၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ထံမှ ပျိုးပင်များလွှဲပြောင်းလက်ခံရယူခြင်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက မဟော်ဂနီ (၅၀)ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ မန်ဂျန်ရှား(၇၅၀)ပင်၊ ကျွန်း(၇၅၀)ပင်၊ တမာ(၁၀၀၀)ပင် စုစုပေါင်းပျိုးပင်(၂၆၀၀)ပင်အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)