ကွမ်းခြံကုန်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား/သူ(၁၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ( ၂၄ )ဦး မူလတန်းအဆင့်ကျောင်းသား/သူ(၂၂)ဦး စုစုပေါင်းပြိုင်ပွဲဝင်ကျောင်းသား/သူ( ၆၀ )ဦးတို့က (၁၉)ဇူလိုင်မမေ့နိုင်စသည့်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများကို ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်အလိုက် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးထံမှ သိရသည်။
ဆွေနွယ်(ပြန်/ဆက်)