ကြည့်မြင်တိုင် ဇူလိုင် ၁၂
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်သန်းသန်းမော်၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများတွင်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင်လည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)