တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင်  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က  ကျောင်းသား/သူကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊  အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်း‌ဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများ ရှိလာစေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကလေးသူငယ်များ ညဏ်ရည်ညဏ်သွေး တိုးတက်လာစေရန် “ပြည်သူ့စာကြည့်တိုက်”ကဗျာဖြင့် ရွတ်ဆိုပြသခဲ့ပြီး ပြိုင်ပွဲကို စတင်ကာ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)မှGrade-5 ကျောင်းသား/ကျောင်းသူများက ပျော်ပျော်ရွှင်ရွှင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော  ကလေးသူငယ်ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က  အမှတ်တရ လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)