အလုံ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးမှ ကျန်းမာရေးဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အ-ထ-က ကျောင်း (၅) ကျောင်း၊ အ-လ-က ကျောင်း (၁)ကျောင်း၊ အ-မ-က ကျောင်း (၆) ကျောင်းသို့ ကွင်းဆင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားမှု များပြားနိုင်သည့် ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ကျောင်းများရှိ ရေစည်၊ ရေအိုးများအတွင်းသို့ သောက်သုံးရေများအား ကလိုရင်း ဆေးခတ်ခြင်း၊ လက်သန့်ဆေးရည်၊ လက်ကမ်းစာစောင်များ၊ ရေသန့်ဆေးပြားများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)