လှည်းကူး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ စျေးများနှင့် စက်ရုံ၊အလုပ်ရုံများတို့တွင် ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူကျန်းမာရေး၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များတို့က စျေးများ၊ စက်ရုံ၊အလုပ်ရုံများနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများနှင့် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဆွေးနွေးခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း၊ Bleaching Powder ဖြန်းခြင်းစသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)