ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

ပခုက္ကူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းကို ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၏လမ်းညွန်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေဘေးရှောင်စခန်းများ၌ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ယာယီတဲများ ဆောက်လုပ်ပေးခြင်း၊ အန္တရာယ်ရှိသည့်လျှပ်စစ်ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးခြင်း၊ တာဘောင်မြေဖို့ပေးခြင်း၊ အခြေခံစားသောက်ကုန်များနှင့်သောက်ရေသန့်များ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ၉ရက်နေ့မှလက်ရှိအချိန်ထိ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့နံနက်၆နာရီခွဲအချိန်တိုင်းထွာချက်အရ ၂၂၇၈ စင်တီမီတာရောက်သို့ရောက်ပြီး စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာထက် ၁၂၈ စင်တီမီတာအထိ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)