ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်

ကျောက်ကြီး ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာအုပ်/ စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ယခုလို စာအုပ်/စာစောင်ပြပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက်လည်း Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့် ပြောကြားချက်အရသိရသည်။

စာအုပ်စာစောင်ပြပွဲတွင် ကလေးစာပေများ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသားလူငယ်များက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)