သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝဖူလုံဖို့နိုင်ငံ သားကတ် ကိုင်ကြစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ  ပန်းခင်းစီမံချက် (၃) ဖြင့် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ လုပ်သားပြည်သူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများ‌ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်လဝကဦးစီးမှူးရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်
Jul 17,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိကျေးရွာမှ တောင်သူဒေါ်အုန်းမြင့်၏လယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ဖောင်ရိုးဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ က အ.ထ.က (၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ဇူလိုင်(၁၅)ရက် မွန်းလွဲပိုင်းက ကျုံသိဝကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့၌ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။
ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 17,2024
ကော့သောင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း" (စက်ချုပ်သင်တန်း) ဖွင့်ပွဲ အခမ်းအနားကို ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း(၂)ကျောင်း ထပ်မံယာယီပိတ်ထားရ
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့နံနက်ပိုင်းက စာသင်ကျောင်း(၂)ကျောင်းတွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။