စဉ့်ကိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝဖူလုံဖို့နိုင်ငံ သားကတ် ကိုင်ကြစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) ဖြင့် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ လုပ်သားပြည်သူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်လဝကဦးစီးမှူးရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက ပလိပ်ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် လုပ်သားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အခွင့်အလမ်း အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံရေးစိစစ်ရေးကတ်ပြားများမရှိသည့် လုပ်သားပြည်သူ (၁၇၅)ဦးအား ဆောာင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိသည့် သူများကိုလည်း ၃၁-၇-၂၀၂၄ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)