ကျိုက်လတ် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ဖောင်ရိုးဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့်အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသည့်ဝိသေသများ၊ အားကစားနှင့်ကာယပညာသိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့်အချက်အလက်များအကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(ဖောင်ရိုးဆိပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်