ကော့သောင်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ကော့သောင်း ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ က အ.ထ.က (၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၂ဦး၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၂ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၄ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၀ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၈ဦး၊ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးမှ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)