ဖျာပုံမြို့နယ်တွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်ရန်နှင့်သူနာပြုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေရန် ရည်ရွယ်၍ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖျာပုံ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။