ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေး အသိရှိစေရန်၊ ကျန်းမာကြံခိုင်သန်စွမ်းသော လူငယ်လေးများ ဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။