ကျွန်းလှမြို့၌ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျွန်းလှ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူက အမှာစကားပြောကြားသည်။

ထို့နောက် “စာပဒေသာ ဝေဆာစေမည်” Video Clipအားပြသပြီး ကျောင်းစာကြည့်တိုက်အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်၍ “ထိန်းသိမ်းစို့လေစာပေအမွေ” သီချင်းဖြင့် အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။

ယင်းနောက် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ စာပေဖတ်ရှုလေ့လာနေမှု၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်နေမှု၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသထားမှုတို့ကို ကြည့်ရှုကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ