ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ကော့သောင်း ဇူလိုင် ၁၇

ကော့သောင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း" (စက်ချုပ်သင်တန်း) ဖွင့်ပွဲ အခမ်းအနားကို ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

 အခမ်းအနားတွင် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ယင်းနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ခေါင်းဆောင်အား စီမံကိန်း ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက သင်တန်းသုံး သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

အဆိုပါ မိသားစုဝင်ငွေတိုး‌ရေးစီမံကိန်းဖြင့် အကောင်ထည်ဖော်‌ဆောင်ရွက်သည့် "အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း" (စက်ချုပ်သင်တန်း)ကို သင်တန်းသူ ၁၅ ဦး ဖြင့် သင်တန်းကာလ နှစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)