လှည်းကူး ဇူလိုင် ၇
မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့အားမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကောင်စီအသင်းအလိုက် မိုးရာသီဘောလီဘောပြိုင်ပွဲကို ကျင်းပသည်။
ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကောင်စီအသင်း အမျိုးသားဘောလီဘောအသင်း (၅) သင်းနှင့် အမျိုးသမီးဘောလီဘောအသင်း (၅) သင်းရှိပြီး ဇူလိုင်လ (၇) ရက်မှ (၁၀) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာယနေ့တွင် ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြကြောင်း သိရှိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)