ညောင်တုန်းမြို့နယ်တွင် အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ညောင်တုန်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် ကျောင်း‌သား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်ဦးစီးမှုးဒေါ်နွယ်နီစိုးနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုး၏ ကြီးကြပ်မှုဖြင့် ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းရှိ အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ (၁၇၄) ဦးအား နိုင်ငံသားစိစစ်‌ရေးကတ်ပြားများကို လိုအပ်သည့် အချက်အလက်၊ အ‌ထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးပြီး ဇီဝဆိုင်ရာအချက်အလက်‌ ကောက်ယူခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေး‌နေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းသား/ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)