ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ခန္တီး     ဇူလိုင်  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးက ကြီးမှူး၍ အမျိုးသမီးများ အိမ်တွင်းမုန့်လုပ်နည်းတတ်မြောက်စေရန်၊ မုန့်မျိုးစုံပြုလုပ်တတ်ခြင်းဖြင့် တစ်နိုင်တစ်ပိုင် အိမ်တွင်း စီးပွားရေးပြုလုပ်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ ရပ်ရွာ အခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြား ပြီး ဦးစီးအရာရှိ ဒေါ်ပန်းစုကြည်က သင်တန်းပြုလုပ်မည့်အစီအစဉ်နှင့် သင်တန်းနှင့်ပတ်သက်သည် များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်က သင်ကြားမည့် မှုန့်အမျိုးအစားများတွင် အသုံးပြုရမည့်ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မုန့်ပြုလုပ်ပုံ အဆင့်ဆင့် နည်းစနစ်များနှင့်ပတ်သက်၍လည်းကောင်း စာတွေ့လက်တွေ့သင်ကြား ပြသရာ သင်တန်းသူများကိုယ်တိုင် လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မုန့်ဟင်းခါး၊ အာလူးဆနွင်းမကင်း၊ ကြာဇံဟင်းခါး၊ စာကလေး ပဲခွေကြော်၊ ကြဥမရွေး စသည့်မုန့်ပြုလုပ်နည်းများကို ဦးစီးအရာရှိ ဒေါ်ပန်းစုကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်တို့က သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ(၆)ရက်‌ နေ့မှ (၈)ရက်နေ့အထိ (၃)ရက်တာ သင်ကြားပို့ချမည်ဖြစ်ကာ ခန္တီးမြို့နယ်အတွင်းမှ မုန့်ပြုလုပ်နည်း စိတ်ပါဝင်စားသူ (၂၀)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)