ဝေါမြို့နယ်၌ အရန်သားဖွားဆရာမများအား လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဝေါ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရန်သားဖွား ဆရာမများ လုပ်ငန်းခွင်စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရေးအတွက် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေကျော်က အရန်သားဖွား ဆရာမများ၏ တာဝန်နှင့်ဝတ္တရားများအကြောင်းကို ဆွေးနွေးပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးစန်းအောင်က ကာကွယ်ဆေးထိုးလုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အရန်သားဖွားဆရာမ (၃၃) ဦးအား ဇူလိုင် ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၅) ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)