အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၇

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂)လရက်‌နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များရွေးချယ်ရာတွင် လူငယ်ဖိုရမ်တွင် ပါဝင်ဆွေးနွေးနိုင်မည့် သူများဖြစ်ရန်လိုအပ်ပါကြောင်းနှင့် မိမိတို့ပြည်နယ်တွင်လည်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲအမျိုးအစားများ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် ပါဝင်အင်အားဖြည့်ပေးရမည့် ကိစ္စရပ်များအား တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ကော်မတီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးအတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)