ရွှေဘို ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ “သုတဝေဖြာ မျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက်” Video Clip အားပြသရာ တက်ရောက်လာကြသူများက အတူတကွကြည့်ရှုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူလေးများက မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ “ပညာတတ်ဖိုစာဖတ်ကြစို့” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ကျောင်းစာကြည့်တိုက်အတွင်း စာပေဖတ်ရှုလေ့လာနေမှု၊ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ၊ ကျောင်းသား/ ကျောင်းသူလေးများအား ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇင်နှင့် ဒေါ်ဆန်းမြို့ကြွယ်တို့က ပုံပြင်ရုပ်ပြစာအုပ်များ ဖတ်ရှု့ပြသခြင်းများ ပြုလုပ်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်နှင့် ဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်ပြန်/ဆက်