သတင်းများ

ဒေးဒရဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ကြိုတင်ဇာတ်တိုက်လေ့ကျင့်
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲ အခမ်းအနားအား ယနေ့နေ့လယ် (၁၂) နာရီက ​အမှတ် (၁) ရပ်ကွက်၊ မောင့်ဖူးစာဆိပ်ကမ်းတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တစ်ဆူဖြစ်သည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၆ နာရီ အချိန်၌ စေတီတော်ဂေါပကအဖွဲ့မှဦးဆောင်ကာ ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး တည်ဆောက်ရေး၊ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်၊သံဃာတော်များ စုစုပေါင်းဆရာတော်၊ သံဃာတော် ၁၆ ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုပြုကြသည်။
ပန်းတနော်မြို့နယ် အ.ထ.က (ပသွယ်) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (ပသွယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကမ်းစားမှုသက်သာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယျရေးရာအသိပညာပေးဟောပွောပှဲကို အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ယမန်နေ့နေ့လည် (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း တောင်ကလေး တွင် ကျောင်းကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးနှင့် ဆရာ၊ ဆရာမများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျွန်းလှမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကွန်ကရစ်တံတားများတည်ဆောက်
Jul 17,2024
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပျဉ်းမမြိုင်ရပ်ကွက်နှင့် အင်ကြင်းမြိုင်ရပ်ကွက်တို့တွင် ရေစီးရေလာကောင်းမွန်ရေး၊ သွားလာရေးအဆင်ပြေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကွန်းကရစ်တံတားများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရေဖြူ၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယ‌နေ့ နံနက် ၈နာရီ၌ မြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးများအား  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။