ဖျာပုံမြို့နယ်တွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်ရန်နှင့်သူနာပြုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေရန် ရည်ရွယ်၍ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် အကူသူနာပြုပြင်ပသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖျာပုံ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၄ ပညာသင်နှစ် အကူသူနာပြု ပြင်ပသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ဆေးရုံအုပ် ဒေါက်တာ မြကြေးမုံ၊ သူနာပြုအုပ် ဒေါ်သိန်းသိန်းနှင့်သင်တန်းဆရာ၊ ဆရာမများနှင့် အကူသူနာပြု သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းမှာ (၉)လကြာမြင့်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အကူသူနာပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် ၂၀၁၆ ခုနှစ် သင်တန်းအမှတ်စဥ် (၁)တွင် သင်တန်းသူ (၄၄)ဦး၊ ၂၀၂၂ ခုနှစ် သင်တန်းအမှတ်စဥ် (၂)တွင် (၃၆)ဦး၊ ၂၀၂၃ ခုနှစ် သင်တန်းအမှတ်စဥ် (၃)တွင် (၃၂)ဦး၊ စုစုပေါင်း (၁၁၂)ဦး မွေးထုတ်ပေးခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင်သင်တန်းသူ(၃၁)ဦးကို ဖျာပုံပြည်သူ့ဆေးရုံးကြီးမှ ဆရာ/ဆရာမများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဖျာပုံပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 အောင်ဝင်းနိုင်