ပူတာအို ဇူလိုင် ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ပေးပို့လာသည့် အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် မော်တော်ယာဉ် (၃) စီးသည် မြစ်ကြီးနားမြို့မှတဆင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအို ပြည်ထောင်စုကားလမ်းမအတိုင်း တင်ဆောင်၍ ဇူလိုင် (၄) ရက်ညနေပိုင်းက ပူတာအိုမြို့သို့ ရောက်ရှိလာသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဆီ(ပဲဆီ)၊ အာလူး၊ ငါးသေတ္တာဘူးစသည့် အခြေခံစားသောက်ကုန်ငါးမျိုးတို့အား မော်တော်ယာဉ်ပေါ်မှ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမအတွင်း စနစ်တကျခေတ္တထိန်းသိမ်းထားရှိမှုတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။
အဆိုပါ အခြေခံစားသောက်ကုန်(၅)မျိုးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း မြို့နယ်အလိုက် စနစ်တကျဖြန့်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)