ပေါင်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲပြုလုပ်

ပေါင် ဇူလိုင် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ခွဲ) နတ်မှော်ကျောင်း၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ ဆရာမောင်ပွင့်ဉာဏ် (မောရ)၊ ဆရာငှက်တောင်ပျံ (ဇင်းကျိုက်) တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြတ်လွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြသောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြသောင်းက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အာဇာနည်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ စာရေးဆရာ မောင်ပွင့်ဉာဏ် (မောရ) က လူငယ်များသို့ စကားလက်ဆောင်ကိုလည်းကောင်း၊ စာရေးဆရာငှက်တောင်ပျံ (ဇင်းကျိုက်) က ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့်လည်ကောင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြတ်လွင်က ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)