ဒလမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ရေတံခါးကျေးရွာ အောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံအမိုးလန်ပျက်စီးမှုနှင့် ကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဒလ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဇူလိုင်လ (၅) ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ ရေတံခါးကျေးရွာအောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံအမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ ရေတံခါးကျေးရွာ၊ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဓမ္မာရုံ၌ အမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောင်နှင့် နတ်လမ်းပြုပြင်ရန် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဒလမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် အလှူရှင်များမှ လှူဒါန်းငွေ (၁၈၂၇၀၀၀ဝိ/-) တိတိအား ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)