တိုက်ကြီး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖလုံဘူတာကျေးရွာအုပ်စု အ.ထ.က (ခွဲ) ဖလုံဘူတာတွင် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေး ကြီးကြပ်မှုဖြင့် ဒုတိယလဝကမှူး ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများက အ.ထ.က (ခွဲ) ဖလုံဘူတာမှ ကျောင်းသား၊ ကျောင်းသူများအား အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် UID ကတ်များကို တစ်ပါတည်းဆောင်ရွက်ပေးခဲ့ပြီး ရက် ၁၀၀ ကာလအတွင်း လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများသို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)