မော်လိုက် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စက်ချုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကုန်ကြမ်းပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို (၆-၇-၂၀၂၆)ရက်နေ့မှ (၄-၈-၂၀၂၆)ရက်နေ့အထိ သင်တန်းသူ(၁၂)ဦးတို့ကို သင်ကြားမည့်ဘာသာရပ် (၁၄)မျိုးကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက် (ပြန်/ဆက်)