ဒဂုံ ဇူလိုင် ၁၉
ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အာဇာနည်လမ်း၊ ပခုက္ကူဓမ္မာရုံ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်၍ လွမ်းသူပန်းခွေ၊ ပန်းခြင်းချအလေးပြုမည့် နိုင်ငံရေး(၃၄)ပါတီ၏ ကိုယ်စားလှယ်များကို ယနေ့နံနက် ၆ နာရီအချိန်တွင် နံနက်စာ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းငချိတ်၊ အကြော်၊ လက်ဖက်ရည်၊ ကော်ဖီများဖြင့် တည်ခင်းဧည့်ခံပြီး ၈ နာရီ ၄၄ မိနစ်တွင် မော်တော်ယာဉ်ပေါ်သို့ ပါတီ ပန်းခွေ၊ ပန်းခြင်း တင်ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဧည့်ခံကြိုဆို၍ ကူညီဆောင်ရွက်ခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန၊ ဌာနမှူးဦးဆောင်၍ ခရိုင်၊ မြို့နယ် ဒုတိယဌာနမှူး (ခရိုင်မှူး)များ၊ EO ၊ AEO များ၊ ရုံး၀န်ထမ်းများ၊ တိုင်းကော်မရှင်အဖွဲ့၀င်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)