ညောင်တုန်းမြို့၌ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ညောင်တုန်း ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ဝင်‌ငွေရသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြစေရန်ရည်ရွယ်၍ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်းကားလမ်း လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါငရုတ်ကောင်းပင် စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား(၃၂၀)ဦးခန့်တို့က ငရုတ်ကောင်းအပင်(၆၀၀)ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)