တန့်ယန်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ် (၃) တပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ထွန်းတင်နှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးကဲများက ကြည့်ရှုအားပေးကာ အမှတ် (၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်၊ ဆရာမများက မိဘပြည်သူ စုစုပေါင်း (၄၁၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)