မိုင်းခတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ မြို့ပြပင်စင် (၂၄)ဦး၊ ကာကွယ်ရေးပင်စင် (၉၇) ဦး၊ နိုင်ငံရေးပင်စင် (၁၆)ဦး၊ စုစုပေါင်း (၁၃၇)ဦးတို့ကို လကုန်ရက်တစ်ရက်မှလွဲ၍ ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးဝင်းဇော်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)