မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

မြဝတီ ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဥ် ပုံမှန်သတ်မှတ်ရက်အတိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာငွေများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွား ရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားပြီး သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(မြဝတီ)