တန့်ယန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တန့်ယန်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အုပ်စု(၃)ရှိ ဝိန်းလောင်းတံတားထိပ်အနီး အိမ်တစ်လုံးတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၃) စီးနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။                      

မြို့နယ်(ပြန်/ဆက်)