ကျေးရွာစာကြည့်တိုက်များ တိုးချဲ့ပြင်ဆင်နေမှု သန်လျင်၌ ကြည့်ရှု့စစ်ဆေး

ရန်ကုန် ဇူလိုင် ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)ရုံး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းသည် ဦးစီးအရာရှိ ဒေါ်အိအိမွန်၊ သန်လျင်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ဓမ္မရသစာကြည့်တိုက်၊ ကွမ်းခြံကုန်းကျေးရွာရှိ ပညာရင်ခွင်သာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်မှူးများ၊ ကော်မတီဝင်များအားတွေ့ဆုံ၍ ရေရှည်ရှင်သန်ခိုင်မာရေး စာဌား စာဖတ်သူ တိုးပွားရေးစည်းရုံးဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လက်ယက်စမ်းကျေးရွာ အလင်းရောင်စာကြည့်တိုက်သို့ ရောက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် သိန်း(၅၀)ဖြင့် စာကြည့်တိုက်တိုးချဲ့ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာစာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များအားတွေ့ဆုံ၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြီးစီးရေး၊ စာကြည့်တိုက်အတွင်း စာအုပ်တင်စင်၊ ဘီရို၊ စာဖတ်စားပွဲများ ထားရှိမည့်နေရာ၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ စာကြည့်တိုက်ဝန်းကျင်စိမ်းလန်းစိုပြေလှပရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)