သတင်းများ

ကျိုက်ထိုမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 22,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ အ.ထ.က(ရွှေလောင်း)ကျောင်း မေခခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်း‌ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ‌ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်း
Jul 22,2024
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီအချိန်ကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ စက်သုံးဆီများ သတ်မှတ်နှုန်းအတိုင်းရောင်းချရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီများ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချ​ခြင်း ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 22,2024
နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့်နေ့ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက် မှုအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ပေးခဲ့​သည်။
ရမည်းသင်းမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာဟော‌‌ပြောပွဲနှင့်စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်/မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသော မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ရမည်းသင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်း၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်
Jul 22,2024
၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။